စဉ့်ကိုင် ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ တရုတ်စုရပ်ကွက်၊ တိုက်ကျောင်း(ပရိယတ္တိ)စာသင်တိုက် ကျောင်းဝန်းအတွင်းရှိ ရွှေကံကူဓမ္မာရုံနှင့် သဇင်ညွှန့်ဓမ္မာရုံတို့တွင် အစိုးရနိကာယ်စာမေးပွဲ (မဟာဝိဒူတန်း) နောက်ဆုံးနေ့ ဖြေဆိုခြင်းကို ယမန်နေ့တွင် အောင်မြင်စွာဖြေဆိုခဲ့ပြီးစီးခဲ့ကြောင်း သိရသည်။
စာဖြေသံဃာများသည် စူဠဝဂ္ဂါဒိအဌကထာဘာသာရပ်၊ ပါထိကဝဂ္ဂအဌကထာဘာသာရပ်၊ ဥပရိပဏ္ဏာသအဌကထာဘာသာရပ်၊ သံယုတ္တအဌကထာ ဘာသာရပ်၊ အင်္ဂုတ္တရအဌကထာဘာသာရပ်၊ ဗုဒ္ဓဝံသအဌကထာ ဘာသာရပ်၊ စရိယာပိဋကအဌကထာ ဘာသာရပ်နှင့် ပဋိသမ္ဘိဒါမဂ္ဂအဌကထာ ဘာသာရပ်များကို ဖြေဆိုခဲ့ကြပြီး စာမေးပွဲသို့ မြို့နယ်အတွင်းရှိ စာရင်းရှိ သံဃာ/သီလရှင်(၁၉၇)ပါး၊ ဖြေဆိုသံဃာ/သီလရှင်(၁၂၉)ပါးဖြစ်ပြီး ပျက်ကွက် သံဃာ/သီလရှင်(၆၈)ပါးတို့ အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
စာဖြေရဟန်း/သံဃာတော်၊ သီလရှင်များ စာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မင်းဆင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ တပည့်ဒါယကာ၊ဒါယိကာမများမှ ဆွမ်း၊ ခဲဖွယ်၊ ဆေး၊ အအေးများနှင့် နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)