မုဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများဆောင်ရွက်

မုဒုံ ဇွန် ၁၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာသင်ကျောင်း အခြေပြုကျောင်း ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျောင်သား/သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက အ.မ.က(ကျောင်းနောက်) စာသင်ကျောင်း၌ ဆောင်ရွက်သည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ချိုချိုဝင်းက ကျောင်းသား/သူများ ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် အာဟာရသုံးအုပ်စု ဆိုင်ရာ အကြောင်းအရာများကိုလည်ကောင်း၊ ကျန်းမာရေးမှူးက မိုးရာသီတွင် ဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်းနှင့် တစ်ကိုယ်ရည် သန့်ရှင်းမှုများရှိစေရန် ကဗျာများဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် သွားဆရာဝန် ဒေါက်တာလမင်းထက်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများအား အရပ်၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်လုံး၊ နား၊ လည်ပင်း စသည့်ကျန်းမာရေးဆိုင်ရာများကို စစ်ဆေးပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများအား အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)