ကျိုင်းတောင် ဇွန် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမားနှင့်ပတ်သတ်သည့် အကြောင်းအရာများအား အများပြည်သူများကြည့်ရှုလေ့လာ သိရှိနိုင်ရန်ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးအလုပ်သမားများအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များအကြောင်း၊ ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပါကြောင်းနှင့် ဘေးအန္တာရာယ်ကျရောက်နေသော ကလေးအလုပ်သမားအကြောင်းများစသည့် အကြောင်းအရာအချက်အလက်များကို ပြည်သူများသိရှိနိုင်စေရန် ပြသဆောင်ရွက်ထားရာတွင် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ကျိုင်းတောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်တွင် အများပြည်သူအသိပညာဗဟုသုတ တိုးပွားစေရန်အတွက် သိသင့်သိထိုက်သည့် အသိပညာအကြောင်းအရားများအား စဉ်ဆက်မပျက်လဲလှယ်ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကို(ပြန်/ဆက်)