တပ်ကုန်း ဇွန် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဖူးစားပြောင်း၊ ပဲတီစိမ်း၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံစုံစိုက်ပျိုးလျက်ရှိရာ စားသုံးဆီဖူလုံရေး မြေပဲများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် မြေပဲစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးစေ့ကုန်ကျမှု သက်သာနိုင်ရေး၊ အပင်ဖြစ်ထွန်းကောင်းမွန်နိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း စိုက်ပျိုးကြောင်း၊ ဆီထွက်သီးနှံမြေပဲကို (၁၅၀၁၇) ဧက လျာထားစိုက်ပျိုး၍ (၂၈၁၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် မြေပဲနုတ်သိမ်းချိန်မှာ ဈေးကောင်းရရှိရေး မျှော်လင့်ကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
တင်စိုးလွင်