ကျိုင်းတောင်း ဇွန် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ ကျေးလက်ကျန်းမာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း) နှင်းဆီဆောင်ဘက်စုံဟောခန်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေး၍ ကျိုင်းတောင်းမြို့အတွင်းရှိ ကျောင်းအသီးသီးရှိ အသက် (၅) မှ (၇) နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုကို(ပြန်/ဆက်)