ဗိုလ်တထောင်မြို့နယ်၌ ၁၃၈၅ ခုနှစ် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် လှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ

ဗိုလ်တထောင် ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ယမန်နေ့ညနေ (၂) နာရီအချိန်က ဗိုလ်တထောင်မြို့နယ် အမှတ် (၄) ရပ်ကွက် (၅၅) လမ်းရှိ အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီကောလိပ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပြုလုပ်ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့သော ၁၃၈၅ ခုနှစ် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြပြီး အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားပြီး အလှူရှင်များအား တာဝန်ရှိသူများအသီးသီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီးနောက် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ညနေ (၄း၃၀) နာရီတွင် ပြီးမြောက်ကြောင်း သတင်းရသည်။

ခင်ဝင်း(ပြန် /ဆက် )