ပုဇွန်တောင် ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်၌ ထုတ်ပြန်ကြေညာခဲ့ရာ စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ ၆၀ % ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ ၃၅ ဦးရှိပြီး စာမေးပွဲအောင်မြင်သူ ၂၁ ဦး ရှိကာ နှစ်ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင်(၂)ဦး ရှိကြောင်း သိရသည်။
အဆိုပါအောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနဖြစ်သော အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ စာမေးပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းများဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းများတွင် တစ်ချိန်တည်းကပ်ထားကြောင်း သိရသည်။
ဟန်စုယဉ်