သာကေတ ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှ ဗဟုသုတများစွာ ရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေကို ပိုမိုမြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ် ၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုး အသိပညာပေး ဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီအချိန်က သာကေတမြို့နယ်၊ အမှတ်(၃၆) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မို့မို့သူက စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေး ဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာပေများ ဖတ်ရှုစေခြင်း၊ ဖတ်ရှုပြီးသည့်များကို ပြန်လည်မေးမြန်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ကို ကြည့်ရှုခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးခြင်းကို သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျ သွားရောက်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မို့မို့သူ(ပြန်/ဆက်)