MSME ချေးငွေထုတ်ချေးခြင်းဆိုင်ရာ သိရှိရမည့်အချက်များနှင့် ပတ်သတ်၍ရှင်းလင်းသည့် အခမ်းအနားကျင်းပပြုလုပ်

ဗိုလ်တထောင် ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၁၁း၃၀)အချိန်က MSME ချေးငွေထုတ်ချေးခြင်းဆိုင်ရာ သိရှိရမည့်အချက်များနှင့် ပတ်သက်၍ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးဦးစီးဌာနမှ SME ဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူအေး၊ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်မေသူဝင်း၊ ဗိုလ်တထောင်ခရိုင် စက်မှုကြီးကြပ်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာခင်၊ ဗိုလ်တထောင်ခရိုင် SME ဌာနခွဲမှူး ဒေါ်သန်းသန်းလှ၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာအခမ်းအနားကို ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ အဖွင့်အမှာစကားပြောခြင်း၊ SME ဌာနမှူး ဒေါ်မူမူအေးမှ MSME ချေးငွေထုတ်ချေးခြင်းဆိုင်ရာ သိရှိရမည့်အချက်များအား power point ဖြင့်ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များမှ သိရှိလိုသည်များအား မေးမြန်းခဲ့ကြပြီး SME ဌာနမှူး ဒေါ်မူမူအေးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ၁၂း၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။

ခင်ဝင်း (ပြန်/ဆက်)