နောင်ချို ဇွန် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိသူ ၆၅ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၆၇.၂၁ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် ၂၀၂၄ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၄၉၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီးနောက် အောင်မြင် သူ (၃၃၂)ဦး အောင်မြင်ခဲ့ကာ ၅ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၃ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂၁ ဦး၊ ၁ဘာသာဂုဏ်ထူးရှင် ၃၂ ဦး၊ စုစုပေါင်းဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ (၆၅) ဦးရှိကြောင်း သိရသည်။
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြည်နယ်/ တိုင်းဒေသကြီးအလိုက် အမှတ်အများဆုံးစာရင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ နောင်ချိုမြို့နယ်အနေဖြင့် သိပ္ပံတွဲ (၂)ဦး၊ ဝိပ္ပံတွဲ၌(၈)ဦး၊ ဝိဇ္ဇာတွဲ၌(၇)ဦး ပေါ်ထွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွေးငယ် (ပြန်/ဆက်)