ကျိုက်ထိုမြို့နယ်၌ စားအုန်းဆီ တစ်ပိဿာ(၅၉၄၀)ကျပ်နှုန်းဖြင့် ပြည်သူများထံ ရောင်းချပေး

ကျိုက်ထို ဇွန် ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပြည်နယ်ဆီကုန်သည်များအသင်းမှ ပြည်သူများထံ သက်သာ‌သောဈေးနှုန်းဖြင့် စားအုန်းဆီများကို ယနေ့၊ နံနက်ပိုင်းက တောင်သူစုရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ရောင်းချပေးခဲ့သည်။

ဆီရောင်းချပေးရာတွင် တစ်ပိဿာလျှင် (၅၉၄၀)ကျပ်ဖြင့် လူတစ်ဦးလျှင် ဆီတစ်ပိဿာနှုန်းရောင်းချပေးရာ စားသုံးသူပြည်သူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ဝယ်ယူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါနေ့တွင် စားသုံးသူပြည်သူ (၃၃၀)ဦးတို့အား ဆီပိဿာချိန် (၃၃၀) ရောင်းချပေးခဲ့ကြောင်း၊ ‌ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် အဆင်ပြေစွာအလွယ်တကူ ဝယ်ယူစားသုံးနိုင်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်နိုင်ရေး ရည်ရွယ်ကာ ယခုကဲ့သို့စီစဉ် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)