ကျောက်ဆည်မြို့တွင် ယွန်းအတတ်ပညာ ဒီပလိုမာသင်တန်း၊ ယွန်းအတတ်ပညာ ကျွမ်းကျင်သူသင်တန်း၊ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူသင်တန်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ဆည် ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီက ကျောက်ဆည်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အခြေခံပညာအလယ်တန်း(G-9)နှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်ပြီးသည့် ကျောင်းသား/ကျောင်းသူများ ယွန်းအတတ်ပညာ ဒီပလိုမာသင်တန်း၊ ယွန်းအတတ်ပညာ ကျွမ်းကျင်သူသင်တန်းနှင့် ချည်မျှဉ်နှင့်အထည်အလိပ်ကျွမ်းကျင်သူသင်တန်းများ တက်ရောက်လိုပါက လွယ်ကူစွာတတ်ရောက်နိုင်ရေးနှင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင်  ယွန်းပညာကောလိပ်(ပုဂံ)၌ တက်ရောက်နိုင်သော ယွန်းအတတ်ပညာသင်တန်းများ၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ(အမရပူရ)၌တက် ရောက်နို်ငသော သင်တန်းများ၊ ချည်မျှင်နှင့်အထည်အလိပ်ပညာသင်တန်းများ အကြောင်းနှင့် အဆိုပါသင်တန်းများတွင် တက်ရောက်ပြီးပါက ရရှိနိုင်မည့်အခွင့်အလမ်းများ၊ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူသင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများသည် ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ (ပေါင်းကူး) သင်တန်းသို့ ဆက်လက် တက်ရောက်နိုင်ကြောင်းနှင့် သင်တန်းများတက်ရာတွင် ထိရောက်အောင်မြင်သင်ယူတတ်မြောက်စေရေးနိုင်ရေး  နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးထားသည့် ဝန်ဆောင်ပေးနေမှုများအကြောင်းများ ပါဝင်ခဲ့ကြောင်း သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ယွန်းပညာသင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများကို နှစ်စဉ်ဒီဇင်ဘာလတွင် ယွန်းပညာ ကောလ်လိပ်(ပုဂံ)တွင် လည်းကောင်း၊ ယက်ကန်းပညာသင်တန်းများ တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများကို ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ(အမရပူရ)တွင် နှစ်စဉ်ဇန်နဝါရီလတို့တွင် စတင်လက်ဖွင့်လှစ်၍ ယွန်းအတတ်ပညာများနှင့် ရက်ကန်းအတတ်ပညာများ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)