ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာအတွင်းရှိ ကျေးရွာစာကြည့်တိုက်အား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ပင်းတယ ဇွန် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကျေးရွာနေပြည်သူများအား စာဖတ်ရှိန်မြင့်မားလာစေရေးနှင့် စာအုပ်စာပေများမှရရှိသည့် အသိပညာဗဟုသုတများ ပိုမိတိုးပွားလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပွေးလှကျေးရွာအတွင်းရှိ ပညာပျိုးခင်းစာကြည့်တိုက်အား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်နှင့် ဝန်ထမ်းများက တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပွေးလှကျေးရွာ၊ ပညာပျိုးခင်းစာကြည့်တိုက်အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာစာကြည့်တိုက်ကော်တီဝင်များနှင့် တွေ့ဆုံ၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျေးရွာစာကြည့်တိုက် ဆက်လက်ရှင်သန်ခိုင်မာစေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)