တာမွေမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ တစ်နိုင်ငံလုံးအမှတ်အများဆုံး ရရှိသူတစ်ဦးထွက်ပေါ်

တာမွေ ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ယနေ့နံနက် (၆) နာရီ အချိန်မှစတင်ကာ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ကျောင်းသား/သူ (၁၃၇) ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး အောင်မြင်မှု ရာခိုင်နှုန်းအနေဖြင့် (၅၄.၂) ရာခိုင်နှုန်းရှိရာ စုစုပေါင်းရမှတ် (၅၅၇) မှတ် သိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံး ကျောင်းသားတစ်ဦး ပေါ်ထွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းအသီးသီးမှ ကျောင်းသား (၁၁၃) ဦး၊ ကျောင်းသူ (၁၀၅) ဦး စုစုပေါင်း ကျောင်းသား /သူ (၂၁၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျောင်းသား (၆၁) ဦး၊ ကျောင်းသူ(၆၇)ဦး စုစုပေါင်း ကျောင်းသား/သူ (၁၂၈) ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး ပြင်ပမှဖြေဆိုသူ ကျောင်းသား (၁၃) ဦး၊ ကျောင်းသူ (၂၂) ဦး စုစုပေါင်းကျောင်းသား/သူ (၃၅) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျောင်းသား (၄) ဦး၊ ကျောင်းသူ (၅) ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၉) ဦး၊ ဖြေဆိုအောင်မြင်ခဲ့ရာ စုစုပေါင်း မြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ကျောင်းသား (၆၅) ဦး၊ ကျောင်းသူ (၇၂) ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၁၃၇) ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၅၄.၂) ရာခိုင်နှုန်းရှိရာ ခြောက်ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၂) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၈) ဦး စုစုပေါင်းဂုဏ်ထူးရှင် (၂၃) ဦး ထွက်ပေါ်ခဲ့သည်။

ထိုကဲ့သို့ တာမွေမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ၌ လာရောက်ကြည့်ရှုသူများအနေဖြင့် အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်စေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် အဆိုပါ ၂၀၂၄ ခုနှစ် တက္ကသိုလ်စာမေးပွဲအောင် စာရင်းများကို ပညာရေးဝန်ကြီးဌာနဝက်ဆိုဒ်တွင် ဝင်ရောက်ကြည့်ရှုနိုင်သလို ယခုနှစ်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း ယနေ့နံနက် (၆) နာရီတွင် မြန်မာ့အသံ (ရေဒီယို)  တိုင်းရင်းသားအစီအစဉ်များမှ တစ်ပြိုင်နက်တည်း ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)