မန္တလေး ဇွန် ၁၁
လူငယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုသိရှိနိုင်စေရန်၊ မူးယစ်ကင်းစင်သည့် သားကောင်း ရတနာများဖြစ်လာစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို စုပေါင်းကာကွယ်တွန်းလှန်တတ်သည့် အသိပညာဗဟုသုတရရှိစေရန် အစရှိသည့်ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အ.မ.က (မူလွန်၂၀) ကျောင်းတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြိုင်ပွဲများကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးရာတွင် လူငယ်လူရွယ်များအနေဖြင့် ငယ်ရွယ်နုနယ်စဉ်အရွယ်မှစတင်၍ မူးယစ်ဆေးဝါး ဆိုးကျိုးများကိုသိရှိပြီး ရှောင်ရှားတတ်စေရန်၊ ရှောင်လေဝေးဝေး မူးယစ်ဆေးဆိုသည့်အတိုင်း မူးယစ်ဆေးကိုရှောင်ကြရန်၊ အပေါင်းအသင်းမမှားကြစေရန်၊ မူးယစ်စေတတ်သော ဆေးဝါးများကြောင့် လူညွန့်တုံးတတ်သည်ကို သိရှိစေရန်အစရှိသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြီး မူလွန်(၂၀)ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ်က ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါပြိုင်ပွဲများကို ကျောင်းသား၊ကျောင်းသူ (၁၂)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
 
     
     
     
    