လားရှိုး ဇွန် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ လားရှိုးမြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ရာ ဘာသာစုံဂုဏ်ထူးထွက်ရှိသူတစ်ဦးအပါအဝင် ဖြေဆိုအောင်မြင်သူ ၄၂၄ ဦး ရှိကြောင်း သိရသည်။
လားရှိုးမြို့နယ်အတွင်းတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ အခြေခံပညာကျောင်း (၁၇) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၃)ကျောင်းတို့မှ ဖြေဆိုသူ ကျောင်းသား (၃၇၈)ဦး၊ ကျောင်းသူ (၄၆၂)ဦး စုစုပေါင်း (၈၄၀) ဦးရှိသည့်အနက် ကျောင်းသား (၁၄၉)ဦး၊ ကျောင်းသူ (၂၇၅)ဦး စုစုပေါင်း (၄၂၄) ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
အောင်မြင်သူများအနက် ဘာသာစုံဂုဏ်ထူးရရှိသူ (၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရရှိသူ (၅)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၁၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၁၇)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၄၂)ဦးရှိကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)
