ခိုလမ် ဇွန် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်တ်ဆေးခတ်ခြင်းကို ကာလေ ကျန်းမာရေးဌာနမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှုမဖြစ်စေရေးအတွက် စာသင်ကျောင်းများတွင် အသုံးပြုလျက်ရှိသော ရေတွင်း၊ ရေကန်များကို အဘိတ်တ်ဆေး ခတ်ခြင်းများကို စနစ်တကျကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း (ပြန်/ဆက်)
 
     
    