ရန်ကုန် ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးကော်မတီအနေဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အကြို လှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက ကလေးအလုပ်သမားဖြစ်ပေါ်လာရသည့်အကြောင်းအရင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ (၈)ရပ်၏ ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီးနောက် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ၊ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ၊ ဥပဒေရေးရာ လုပ်ငန်းကော်မတီ၊ အဆိုးရွာဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီတို့မှ သက်ဆိုင်ရာ ဥပဒေများအား အသီးသီးဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)