ကိုကိုးကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ကိုကိုးကျွန်း ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန လူထုအခြေပြုဗဟိုဌာန (Community-Centre) ခန်းမတွင် ယနေနံနက် နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book-Club) အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်းရေးစာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။

ဦးစွာ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးထွန်းထွန်း​​ဇော် မှအဖွင့်အမှာစကားပြောကြားရာတွင် ယခုလို စာပေချစ်မြတ်နိုးသူများအသင်း (Book-Club) အဖွဲ့ဝင်များနှင့် မိမိတို့ဌာနဝန်ထမ်းများပူးပေါင်း၍ စာဖတ်ဝိုင်းများကိုလစဥ်ပုံမှန်ပြုလုပ်နေရခြင်းမှာ အတွေးအမြင်ဗဟုသုတနှင့် စာဖတ်စွမ်းရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ယခုပွဲသို့တက်ရောက်သူများစီမှ၊ တစ်ဦးချင်းစီး၏အတွေးအမြင်များနှင့် စာပေဖတ်ရှု၍ သိရှိလာသော အသိပညာဗဟုသုတများကိုလည်း အပြန်အလှန်ဖလှယ်၍ရကြောင်း၊ စာပေချစ်မြတ်နိုးသူများအဖွဲ့မှလည်း အများပြည်သူလူထု စာပေဖတ်ရှုလေ့လာလာစေရန် မိမိတို့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းစည်းရုံးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကိုပြုလုပ်ရာ စာရေးဆရာ၊ ဒေါက်တာခိုင်ခိုင်ဝင်းရေးသားသော လူတိုင်းသိရှိနားလည်ထားသင့်သည့် လူ့အခွင့်အရေးစာအုပ်မှ၊ လူ့အခွင့်အရေးဆိုသည်မှာ၊ လူ့အခွင့်အရေးအမျိုးအစားများ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊ ဖွံဖြိုးတိုးတက်မူ့နှင့်လူ့အခွင့်အရေး၊ စီးပွားရေးလုပ်ငန်းများနှင့် လူအခွင့်အရေးစသောခေါင်းစဥ်များကို စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဦးဇေယျာအောင်မှ ဖတ်ရူ့ဆွေးနွေးရာအခြားစာပေချစ်မြတ်နိုးသူများမှလည်း အဆိုပါစာအုပ်ပါ အခြားခေါင်းစဥ်များဖြင့် အပြန်အလန်ဖတ်ရူ့ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 ကိုကိုကျွန်း (ပြန်/ဆက်)