အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျိုက်မရော   ဇွန်  ၁၀

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက်ပိုင်းက အ.မ.က(မူလွန်)ကလိုင်းကနိုင်ကျောင်းခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာအ.မ.က(မူလွန်)ကလိုင်းကနိုင်ကျောင်းမှကျောင်းအုပ်ဆရာမကြီးဒေါ်မိမိက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ် မြတ်ထွေးက ကလေးငယ်များအသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံဖြိုးတိုးတက်စေရေးနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို သိရှိစေရန်ရည်ရွယ်၍ ယခုလိုပညာပေးဟောပြောပွဲများကို ပြုလုပ်ရခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း ဟောပြောကာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ မူလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့နောက်ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သော ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)