လားရှိုး ဇွန် ၁၀
လားရှိုးမြို့၊ အေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် CCTV စက်များ တပ်ဆင်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက မြို့တော်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်က အမှာစကားပြောကြားပြီး လားရှိုးမြို့ပေါ် CCTV ကင်မရာတပ်ဆင်ခြင်းအတွက် အလှူငွေ သိန်း (၅၀) ကျပ်ပေးအပ်ရာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက လက်ခံရယူသည်။
ထို့နောက် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖလုပ်ငန်းရှင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ CCTV (၅၄) လုံးအတွက် ကျပ် (၃၈၀) သိန်း လက်ခံရရှိခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)