ကျောက်ဆည်မြို့နယ် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေနှမ်း (၈၁၉၂)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ (၈၃၄၂) ဧက စိုက်ပျိုးနိုင်ခဲ့

ကျောက်ဆည် ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း ဆီထွက်သီးနှံ ဖူလုံပိုလျှံရေး နှမ်းသီးနှံများကို နွေး၊ မိုး၊ ဆောင်း ရာသီအလိုက် စီမံကိန်းများချမှတ်ပြီး လျာထားစိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၄၅ ခုနှစ်တွင် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်တွင် နွေနှမ်း (၈၁၉၂)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ (၈၃၄၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ကျေးရွာအုပ်စုပေါင်း (၁၃)အုပ်စုပါဝင်ပြီး ဟံမြင့်မိုရ်ကျေးရွာအုပ်စုတွင် (၆၃၃)ဧက၊ လယ်ကြီးကျေးရွာအုပ်စုတွင် (၁၀၅၀)ဧက၊ ပုန်းညက်ကျေးကျေးရွာအုပ်စုတွင် (၇၇၂)ဧက၊ ကျားကာကျေးရွာအုပ်စုတွင် (၉၇၈)ဧက၊ သံရွာကျေးရွာအုပ်စုတွင် (၆၅၀)ဧက၊ ခါးတက်ကုန်းကျေးရွာအုပ်စုတွင် (၂၀၀)ဧက၊ ဆူလေကုန်းကျေးရွာအုပ်စုတွင် (၉၄၀)ဧက၊ ပေါက်ပင်ကွေ့ကျေးရွာအုပ်စုတွင် (၈၉၀)ဧက၊ မြေစိုမိုးကျေးရွာအုပ်စုတွင် (၉၁၃)ဧက၊ ပဲခင်းကျေးရွာအုပ်စုတွင် (၈၆၀)ဧက၊ ပေါင်လောင်ကျေးရွာအုပ်စုတွင် (၄၅၆)ဧက စုစုပေါင်း (၈၃၄၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် တောင်တော်ကျေးရွာအုပ်စုနှင့် ကင်းကျေးရွာအုပ်စုများတွင် စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း သိရသည်။

သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း၌ နွေနှမ်းသီနှံများ စိုက်ပျိုးရာတွင် နွားတက်၊ သင်းဒီးဆည်မြောင်းရေများဖြင့် စိုက်ပျိုးကြပြီး  နှမ်းစိုက်ခင်သီးနှံများအောင်မြင်ဖြစ်ထွန်းရေး  ကျောက်ဆည်ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် ဆက်စပ်ဌာနများမှ တောင်သူများနှင့်ပူးပေါင်းပြီး ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သောမျိုးစေ့များ စိုက်ပျိုးစေပြီး စိုက်နည်းစနစ်များနှင့် အပင်ပြုစုရေးနည်းလမ်းများနှင့် လိုအပ်ချိန်တွင် သွင်းအားစုများထည့်သွင်းရေးနှင့် ရေသွင်းခြင်းများကို စနစ်တကျ ကူညီပေးလျက်ရှိကြောင်း သိရှိရသည်။   

သက်မောင်