ညောင်ဦး ဇွန် ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် အ.ထ.က၊ အ.မ.ကကျောင်းများနှင့် မြို့နယ်အတွင်းရှိ လူနေအိမ်များရှိ အုတ်ကန်၊ ရေစည်ပိုင်း၊ သံပေပါများထဲသို့ အဘိတ်ဆေးခပ်ခြင်း၊ ရေတင်ကျန်နိုင်သည့်နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ခြင်သားလောင်းပေါက်များ မပေါက်ပွားနိုင်အောင် အသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း