ညောင်ဦး ဇွန် ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီခွဲအချိန်က ဝါခင်းကြီးကျေးရွာ၊ ကြို့ပင်တောတဲတိုက်နှင့် ဝါခင်းကြီးကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင်လည်း ဝါခင်းကြီးကျေးရွာ ကြို့ပင်တောတဲတိုက်အတွင်း သောက်သုံးရေ ၁၆၀၀ ဂါလံနှင့် ဝါခင်းကြီးကျေးရွာအတွက် သောက်သုံးရေဂါလံ ၁၆၀၀ ဂါလံ၊ စုစုပေါင်း ၃၂၀၀ ဂါလံ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်းတာဝန်ခံ ဦးဝင်းမင်းထွန်းထံက သိရသည်။
ဒီပါလင်း