ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဘုံသာလမ်း၌ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးသင်တန်း ဖွင့်လှစ်

ရန်ကုန် ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးသင်တန်း အမှတ်စဉ်(၁၄)ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပရာ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်နှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်

ထို့နောက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ထွန်းဦးက ငွေကြေးခဝါမှုနည်းပုံစံများဖြစ်သည့် အိမ်ခြံ/မြေ/မော်တော်ယာဉ်စသည့် အဖိုးတန်ပစ္စည်းများဝယ်ယူခြင်း၊ ငွေကြေးလဲလှယ်ခြင်းနှင့်ငွေသားပြောင်းလဲခြင်း၊ တရားဝင်နှင့်တရားမဝင်ငွေကြေးများကိုရောနှောပြသခြင်း၊ အမည်ခံ/ဘဏ္ဍာထိန်း/မိသားစုဝင်/တတိယအဖွဲ့အစည်းများအသုံးပြုခြင်း၊ သဏ္ဍာန်ဆောင်ကုမ္ပဏီများကိုအသုံးပြုခြင်း၊ ငွေဆက်သားကိုအသုံးပြုခြင်း၊ ကုန်သွယ်မှုအသုံးပြုခြင်း၊ လောင်းကစား(ထီ)အသုံးပြုခြင်း၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို အသုံးပြုခြင်းများ သင်တန်းကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးပြီး ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးသင်တန်းများအား လစဉ်ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိရာ ယခုဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား(၁၁၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)