သင်္ဃန်းကျွန်းခရိုင်၌ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သင်္ဃန်းကျွန်း ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဇွန်လ (၇) ရက်နေ့ နံနက် ၉ နာရီအချိန်က ခရီးစဉ်ဒေသစီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးထူးလွင်ကအဖွင့်အမှာစကားပြောကြားရာတွင် ယခုကော်မတီအား ၂၀၂၄ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ခရိုင်အဆင့်ဌာနဆိုင်များ၊ သင့်တော်မည့်အဖွဲ့အစည်းများနှင့်အဖွဲ့ဝင်( ၂၁) ဦးဖြင့်စတင်ဖွဲ့စည်းခဲ့ပြီး မြို့နယ်အလိုက် ဒေသထွက်ကုန်များ၊ မြို့နယ်အလိုက်သမိုင်းဝင်စေတီပုထိုးများအား ဖော်ထုတ်ဆောင်ရွက်စေလိုကြောင်းစသည်ဖြင့်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဟော်တယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုက ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးဆိုင်ရာဖိုရမ်ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ဖိုရမ်ကျင်းပရခြင်းရည်ရွယ်ချက်၊ ဖိုရမ်ကျင်းပရန်လျာထားမှုအခြေအနေ၊ ကျင်းပရန်လျာထားမှုအချိန်၊ ဖိတ်ကြားရန်လျာထားမှုအခြေအနေ၊ ဖိုရမ်တွင်ဆွေးနွေးမည့်ပုံစံ၊ ဖိုရမ်တွင် ထည့်သွင်းဆွေးနွေးမည့် လျာထားခေါင်းစဉ်နှင့် အထွေထွေစသည့် အကြောင်းအရာ (၇) ချက်အား အကျယ်တင့်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကော်မတီအဖွဲ့များက မိမိတို့သိရှိလိုသည်များနှင့် အကြံပြုဆွေးနွေးလိုသည့်အချက်များ ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်