ဟိုပန် နိုဝင်ဘာ ၁၂
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ဟိုပန်မြို့ရှိ ကောင်းဟုန်းရပ်ကွက် ဆရာစံလမ်း၌ အရှည် ၃၅၀ပေ၊ အကျယ်၁၂ပေနှင့် အမြင့်ထု၆လက်မရှိသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဟိုပန်မြို့နယ်စည်ပင်သာယာရေး ဌာနက နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါကွန်ကရစ်လမ်းခင်းခြင်းကို ဟိုပန်မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ်ငွေလုံးငွေရင်းလုပ်ငန်းရန်ပုံငွေမှ ငွေကျပ်(၉၈)သိန်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ ဒုတိယ(၃)လပတ်တွင် ၎င်းလမ်းနှင့်တစ်ဆက်တည်းခင်းရန်ကျန်ရှိသည့် အရှည်ပေ(၂၀၀) ကျော်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ မိုးကုတ်ရိပ်သာလမ်းတွင် ပျက်စီးနေသည့် ပေ(၁၀၀)ခန့်ရှိသည့်လမ်းကို ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)