မိုင်းယောင်းမြို့နယ်၌ မဲခေါင်-လန်ချန်းရန်ပုံငွေဖြင့် ရေရရှိရေး ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဇွန် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မဲခေါင်-လန်ချန်း ရန်ပုံငွေဖြင့် ရေရရှိရေးဆောင်ရွက်နိုင်ရန် ယမန်နေ့က တာဝန်ရှိသူများက ဟောင်ကြန့်အုပ်စု၊ ပါမန်းကျေးရွာနှင့် ဝမ်ဟွန်းကျေးရွာတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဝင်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာကျေးရွာတာဝန်ခံများက ရေရရှိနိုင်မှုအခြေအနေနှင့် အုတ်ကန်ဆောက်လုပ်မည့်နေရာ မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုတိုင်းတာခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)