မဟာအောင်မြေ ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မြတောင်ကျောင်းတိုက်အတွင်း၌ ၂၀၂၄ ခုနှစ် နိကာယ်စာမေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ နိကာယ်စာမေးပွဲများကျင်းပရခြင်းသည် ဗုဒ္ဓဘာသာသာသနာထွန်းကားပြန့်ပွားစေရန်၊ ပိဋကတ်သုံးပုံ ပါဠိတော်များကို သင်ယူလေ့လာပွားများကြရန်ရည်ရွယ်၍ နှစ်စဉ်ကျင်းပဆောင်ရွက်ပေးခဲ့ပြီး အဆိုပါစာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ(၁၁)ရက်နေ့အထိ မဟာအောင်မြေမြို့နယ်အတွင်းရှိသံဃာတော်(၁၈၀၁)ပါး ဝင်ရောက်ဖြေဆိုခဲ့ရာ မြို့နယ်သံဃာနာယက အဖွဲ့ဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သာသနာ့အကျိုးတော်ဆောင်အဖွဲ့များပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း