ပုဂံခေတ်က တည်ထားကိုးကွယ်ခဲ့သော တိန်လည်အလိုတော်ပြည့်ဘုရားကြီးတွင် ဗုဒ္ဓဘိသေကဘုရား အနေကဇာတင်ခြင်းနှင့် သံဃာအပါး(၇၀)အား သံဃာဒါနဆွမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ဆည် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဖောင်ရွာရပ်ကွက်၊ ရတနာသိမ်ကျောင်းတိုက်အတွင်း ပုဂံခေတ်က ရှင်အရဟံမဟာထေရ်၏ တပည့်ရှင်ဥတ္တရာဇီဝ တည်ထားကိုးကွယ်ခဲ့သော တိန်လည်အလိုတော်ပြည့်ဘုရားကြီးတွင် ကဆုန်လပြည့်ကျော်(၁၅)ရက်၊ ဇွန်(၆)ရက် ယနေ့နံနက် (၈)နာရီက ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သံဃာအပါး(၇၀)အား သံဃာဒါနဆွမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ ကျောက်ဆည်မြို့ ဧရာဝတီပရိယတ္တစာသင်တိုက်ဦးစီးပဓာန နာယက ဘဒ္ဒန္တပါမောက္ခာ ဘိဝံသသာသီ-ဓ ၁၈ ဆရာတော်ဘုရာကြီးထံမှ ငါးပါးသီလတရားနှင့် ရေစက်သွန်းချအနုမောဓနာ တရားများ နာယူကြည်ညိုခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အလှူရှင်များက  နိုင်ငံတော်ဩဝါဒါစရိယ ကျောက်ဆည်မြို့ ဧရာဝတီပရိယတ္တစာသင်တိုက်ဦးစီးပဓာန နာယက ဘဒ္ဒန္တပါမောက္ခာ ဘိဝံသဆရာတော်အမှူးပြုသည့် ပင့်သံဃာအပါး(၇၀)အား သံဃာဒါနဆွမ်းများ စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ပြီး နေ့ဆွမ်းများ ဆပ်ကပ်ခဲ့ကြောင်း သိရသည်။     

ခရိုင်(ပြန်/ဆက်)