ချောင်းဆုံ ဇွန် ၆
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပြည်သူများ ဒေသတွင်းဝမ်းစာ စပါးဖူလုံစေရေးနှင့် တောင်သူများဝင်ငွေတိုးရန် တွက်ကုန်များပိုမိုထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးဧက (၆၅၂၄၂) ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ တောင်သူများ လုပ်ငန်းခွင်စတင်ချိန်မှစ၍ ဇွန်လ (၆) ရက်နေ့အထိ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်ရန် (၁၄၈၀၁) ဧက မြေပြင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အကျိုးဆောင် တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုး၍ အထွက်နှုန်းတိုးများစေရေးအတွက် စိုက်နည်းစနစ်၊ သဘာဝမြေဩဇာသုံးစွဲမှုစနစ် မှန်ကန်စေရေး၊ ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရေးစသည့် နည်းပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း တောင်သူများအချိန်မီစိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးစိုက်ပျိုးမှုလျာထားချက်ပြည့်မီကျော်လွန်စေရေး တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)