လွိုင်လင် ဇွန် ၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လွိုင်လင်ခရိုင်ရုံး လူထု အခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ဌာနဆိုင်ရာများ၊ အ.ထ.က (၂) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/သူများ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အမှာစကား ပြောကြားရာတွင် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကုလသမဂ္ဂမှ ကြီးမှူး၍ ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံကြီးကို ကျင်းပခဲ့ကြောင်း၊ ထိုအချိန်မှစ၍ နှစ်စဉ်ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားများကို ဆောင်ပုဒ်များ သတ်မှတ်ကျင်းပလာခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၄ ခုနှစ်၏ ဆောင်ပုဒ်မှာ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင် ပေး ဆောင်ပုဒ်ဖြစ်ကြောင်း၊ အနာဂတ်အတွက်သန့်ရှင်းသာယာသည့် ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ဖို့အတွက် လူသားတိုင်းပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများကို အလေ့အကျင့်မှ အလေ့အထဖြစ်သည်အထိ ကျင်းသုံးကြရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန် ပြောကြားသည်။ ထို့နောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအခမ်းအနား ဗီဒီယိုကလစ်ပြသသည်။ ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြခန်းများ၊ စာအုပ်စာစောင်ပြခန်းများကို တက်ရောက်လာကြသူများမှ စိတ်ဝင်တစားကြည့်ရှုအားပေးလေ့လာခဲ့ကြကြောင်း သိရသည်။
လွိုင်လင်မိုး (ခရိုင်ပြန်/ဆက်)