သံဖြူဇရပ် ဇွန် ၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်သစ်တောဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက္ခမီမြို့၊ မြမာလာကျေးရွာ၌ ကျင်းပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဝင်းဗိုလ်ဦးတို့မှ ပျိုးပင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများနှင့် အသင်းအဖွဲ့များထံသို့ ပေးအပ်ခဲ့သည်။
ထို့နောက် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ပြည်သူတို့က မန်ဂျန်ရှား ၁၀၀ ပင်၊ မဟော်ဂနီ ၁၀၀ပင် စုစုပေါင်း ၂၀၀ ပင်တို့အား တပျော်တပါးစုပေါင်း စိုက်ပျိုးခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ် သစ်တောဦးစီးဌာနပျိုးခင်းတွင် ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ သင်္ဃန်း၊ မန်ဂျန်ရှား စုစုပေါင်းပျိုးပင် ၂၅၀၀၀ ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)