အလုံ ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွား၊ သေဆုံးမှုလျော့ကျရန် ရည်ရွယ်၍ အသက် ၁ နှစ်မှ ၅ နှစ် အရွယ်ကလေးငယ်များကို အမီလိုက်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူးရုံး၊ စောနောက်ရပ်ကွက်၊ မိုးကောင်းသစ်ဆိပ်ဝင်း ဓမ္မာရုံနှင့်ဆင်မင်းရပ်ကွက်၊ စည်ပင်ဝင်းစုရပ်နေတို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကလေးငယ် ၂၀၀ ဦးတို့အား ၅ မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုထိုးဆေး၊ ပိုလီယိုအစက်ချဆေး၊ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဇွန် ၁ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
တင်တင်ချို(ပြန်/ဆက်)