အလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်

အလုံ  ဇွန်   

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် Pfizer Vaccination (Booster) ကိုဗစ်-၁၉ရောဂါထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးလာသူ ပြည်သူများအား ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် (၄၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၀)နှစ်နှင့်အထက် ပြည်သူလူထုများနှင့် အသက် (၁၈)နှစ်မှ အသက် ၄၀ နှစ်အထိ နာတာ ရှည်‌‌ရောဂါရှိသူများစုစုပေါင်း (၃၅)ဦးအား ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာသဇင်ခိုင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)