ကျောက်ဆည်တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် (မန္တ‌လေးတို့)တွင် ဘာသာရပ်အလိုက်ကျောင်းသား/သူများ ​ပညာသင်ကြားလျက်ရှိ

စဉ့်ကိုင် ဇွန်

မန္တလေးတိုင်း​ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ်နှင့် တအုံကျေးရွာ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) တို့၌ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့သင်တန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍  ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းနှစ်အလိုက် ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်လက်ခံဆောင်ရွက်ခြင်းနှင့်  အေးချမ်းပျော်ရွှင်စွာ ပညာစတင်သင်ကြားလျက်ရှိကြောင်း သိရသည်။

(၃.၆.၂၀၂၄) ရက်နေ့သည် တက္ကသိုလ်များ စတင်ဖွင့်လှစ်ပြီးဖြစ်ရာ သက်ဆိုင်ရာ ပါမောက္ခချုပ် ဆရာမကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများက ကျောင်းသား/သူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားပြီး သင်တန်းနှစ်အလိုက် သင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ကျောက်ဆည်တက္ကသိုလ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် ပထမနှစ်၊ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ် ဂုဏ်ထူးတန်း၊ တတိယနှစ် ဂုဏ်ထူးတန်း၊  မဟာအရည်အချင်းစစ် သင်တန်း၊ ပထမနှစ် မဟာတန်း၊ ဒုတိယနှစ် မဟာတန်းတို့အား (ဒုတိယပညာသင်နှစ်ကာလ)အဖြစ် လည်းကောင်း၊ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် တတိယနှစ်နှင့် ပထမနှစ် ဂုဏ်ထူးတန်းသင်တန်းများအတွက် ‌ ကျောင်းအပ်လက်ခံခြင်းများနှင့် ကျောင်းသား/သူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားခဲ့သည်။ အလားတူ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) တွင်လည်း (၂၀၂၃-၂၀၂၄) ပညာသင်နှစ်နှင့် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တို့အတွက် ဘာသာရပ်အလိုက် နေ့သင်တန်းများကို ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်၊(ပြန်/ဆက်)