ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ဆိပ်ကြီးခနောင်တို ဇွန် ၃

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာ မူလတန်းကျောင်း ၁၀ ကျောင်း၊ မူလတန်းလွန် ၄ ကျောင်း၊ အထက(ခွဲ) ၂ကျောင်းနှင့် အ.ထ.က ကျောင်း ၁ ကျောင်း စုစုပေါင်း ကျောင်း ၁၇ ကျောင်းရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တစ်မြို့နယ်လုံးစာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၆၈၈၆ ဦးရှိရာ မေလ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ  ၆၄၆၀ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၉၃.၈၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား မိဘများက လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)