ကလော ဇွန် ၃
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများ အားလုံး အခြေခံပညာသင်ယူနိုင်ဖို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ KG တန်းမှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်လျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း ၁၀ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၁ ကျောင်း၊ အလယ်တန်း ၁၆ ကျောင်း၊ အလယ်တန်း (ခွဲ) ၂၁ ကျောင်း၊ မူလတန်း (လွန်) ကျောင်း (၃၃) ကျောင်း၊ မူလတန်း ၁၀၂ ကျောင်း၊ မူလတန်း(ခွဲ) (၇) ကျောင်းစုစုပေါင်း ၂၀၀ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၆၀၇၅ ဦး စာရင်းရှိပြီး ဇွန်လ ၃ ရက်နေ့နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများက ၃၀၇၄၂ ဦး လာရောက်ကျောင်းအပ်နှံလျပ်ရှိကြောင်း၊ ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ (၃၀) ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)