ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပုံမှန်သင်တန်း၊ ဘွဲ့ရသင်တန်းများနှင့် ပါရဂူသင်တန်းများ စတင်ဖွင့်လှစ်

ရန်ကုန် ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ရန်ကုန်ပညာရေးတက္ကသိုလ်၌ ပထမနှစ် (ဒုဝက်)၊ ဒုတိယနှစ် (ဒုဝက်) (၂၀၂၂ အောင်)၊ တတိယနှစ် (ပဝက်) (၂၀၂၀ အောင်)၊ တတိယနှစ် (ဒုဝက်)၊ စတုတ္ထနှစ် (ဒုဝက်)၊ ပဥ္စမနှစ် (ဒုဝက်) (ပညာရေး)၊ မဟာဘွဲ့ (ဒုတိယနှစ်) (ပညာရေး) (ပဝက်)နှင့် ပါရဂူတန်းများကို ယ​နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂,၈၄၈ ဦး) တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)