သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

သံဖြူဇရပ်  ဇွန်  ၃

မွန်ပြည်နယ်၊  သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ သက်ဆိုင် ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် အခြေခံပညာအထက်တန်း(၁၀) ကျောင်း၊ အထက်တန်း-ခွဲ(၄)ကျောင်း၊ အလယ်တန်းကျောင်း(၆) ကျောင်း၊ အလယ်တန်း-ခွဲ(၁၁)ကျောင်း၊ မူလွန်ကျောင်း (၂၅)ကျောင်း၊ မူလတန်းကျောင်း(၇၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း စုစုပေါင်း(၁၃၂)ကျောင်းတို့တွင် ကျောင်းပြန်လည်စတင်ဖွင့်လှစ်ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၇၄၆၄) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းမဖွင့်မီ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းရေးများကို ကောင်းမွန်စွာ အစီအမံများပြုလုပ်၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)