မန္တလေးနည်းပညာတက္ကသိုလ် ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ ပညာစတင်သင်ကြား

မန္တလေး ဇွန် ၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မန္တလေးနည်းပညာတက္ကသိုလ်(MTU)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက်နှင့် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်တို့တွင် ကျောင်းသား ကျောင်းသူ(၁၁၀၀)ဦးခန့်  ဇွန်လ ၃ ရက်နေ့မှ စတင်သင်ကြားလျက်ရှိသည်။

မန္တလေးနည်းပညာတက္ကသိုလ်၌ ပထမနှစ်မှ ဆဋ္ဌမနှစ်အထိ ဘွဲ့ကြိုသင်ကြားခြင်းအပြင်၊ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာတို့ကိုလည်း သင်ကြားပေးလျက်ရှိပြီး၊ ယခုနှစ် ကျောင်းဖွင့်ရာသီပထမနေ့တွင် တာဝန်ခံပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ပါမောက္ခဌာနမှူးများ၊ ကထိကဌာနမှူးများက ကြိုဆိုမိတ်ဆက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)