ရန်ကုန်နည်းပညာတက္ကသိုလ်၌ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိ

ရန်ကုန် ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဒုတိယနှစ်ဝက်သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပထမနှစ်ဝက်သင်တန်းများကို ယနေ့ နံနက်ပိုင်းကစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဘွဲ့ကြိုပထမနှစ်သင်တန်းမှ ဆဌမနှစ်သင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများဖြစ်သည့် ပါရဂူဘွဲ့သင်တန်းများ၊ မဟာဘွဲ့သင်တန်းများ၊ ဘွဲ့လွန် ဒီပလိုမာဘွဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)