မန္တလေး၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် ပညာသင်နှစ်အလိုက် စတင်လက်ခံသင်ကြားပေး

ချမ်းမြသာစည် ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ ငုရွှေဝါလမ်းရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် ပညာသင်နှစ်အလိုက် စတင်သင်ကြားခြင်းများနှင့် ကျောင်းအပ်နှံခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်အလိုက် နှစ်ဝက်သင်ကြားခြင်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံသင်ကြားပေးလျက်ရှိရာ စာရင်းရှိ ကျောင်းသား/သူ(၄၁၃) ဦးရှိပြီး လက်ရှိတက်ရောက်သင်ကြားနေသူ (၃၃၀)ဦးရှိ‌ကြောင်း သိရှိရသည်။ ပညာသင်နှစ်အလိုက် တက်ရောက်ရန် ကျန်ရှိနေသည့် ကျောင်းသား/သူများမှာလည်း ဆက်လက်အပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရိရသည်။

ချမ်းမြေ့