မိုင်းရယ် ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်နှင့် ဆရာ/ ဆရာမများက မိုင်းရယ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျောင်းသား/ သူများ ပညာသင်ကြားနေမှုကို အားပေးကြည့်ရှုခဲ့ကြသည်။
မိုင်းရယ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း စုစုပေါင်း (၁၀၂) ကျောင်းရှိပြီး ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)