ကျောက်တန်း ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်ရှိ အခြေခံပညာသင်ကျောင်းများ စတင်ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ လှစ်ဖွင့်ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကျောင်းပေါင်း (၁၃၂) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း(၁၃၉) ကျောင်းရှိပြီး ယမန်နေ့အထိ ကျောင်းအပ်လက်ခံပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြခဲ့ကြသည်။
ကျောင်းအပ်ရာတွင်လည်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)