ရန်ကုန် ဇွန် ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်လာကြသည်။
ယခုနှစ်တွင် နိုင်ငံတော်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ(အခမဲ့)ထောက်ပံ့ပေးထားပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်မှု အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် မိဘဆရာ၊ ကျောင်းအကျိုးဆောင်အဖွဲ့များ၊ မိဘအုပ်ထိန်းသူများက ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
ဖြိုးသီဟ