မိုင်းခတ် ဇွန် ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ဇွန် ၃ ရက်နေ့မှ စတင်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၄၇)ကျောင်းရှိရာ အထက်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၃)ကျောင်း၊ မူလတန်းလွန်ကျောင်း (၃)ကျောင်း၊ မူလတန်းကျောင်း (၂၇)ကျောင်း၊ မူလတန်းကျောင်းခွဲ (၂)ကျောင်းတို့တွင် သင်ကြားရေးဆရာ၊ ဆရာမ(၁၂၂)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၈၀၃)ဦးတို့ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မိုင်းခတ်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)