လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

လယ်ဝေး ဇွန် ၃

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြား လျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်း အထက်တန်းကျောင်း (၁၈) ကျောင်း၊ အ.ထ.က (ခွဲ) (၂၂) ကျောင်း၊ အလယ်တန်းကျောင်း (၁၆) ကျောင်း၊ အ.လ.က (ခွဲ) (၂၃)  ကျောင်း၊ မူလွန် (၅၄) ကျောင်း၊ မူလတန်း (၁၁၃) ကျောင်း၊ မူ(ခွဲ) (၁၈) ကျောင်း၊ ဘက ၅ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁၂) ကျောင်း စုစုပေါင်း (၂၆၄) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၅၇၉၃၂) ဦး အပ်နှံထားပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)