တုံတာ ဇွန် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ(ခရိုင်)၊ တုံတာမြို့တွင် ယနေ့နံနက်(၈)နာရီမှစ၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းအသီးသီးတွင် ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
တုံတာမြို့တွင် အထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း ရှိကြောင်းသိရပြီး အဆိုပါကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရေးအတွက် မြို့အုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ကျောင်းဝန်းများအတွင်း စုပေါင်းသန့်ရှင်းရေးများ ကြိုတင်ဆောင်ရွက်ထားရှိပြီး၊ ယနေ့ကျောင်းတက်ချိန်တွင်လည်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
မြတ်မွန်(ပြန်/ဆက်)