မိုင်းကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မိုင်းကိုင် ဇွန် ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ယနေ့ နံနက်ပိုင်းမှစ၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး သက်ဆိုင်ရာအတန်းလိုက် သင်ခန်းစာများကို သင်ကြားပို့ချပေးလျက်ရှိသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာယာစွာဖြင့် ပညာ သင်ကြားနိုင်ရန်အတွက် နိုင်ငံတော်က မူလတန်းအဆင့်တွင် ကျောင်းဝတ်စုံ(၁)စုံ၊ ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ(၄)ချောင်း၊ အလယ်တန်းနှင့် အထက်တန်းတွင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၂)ချောင်းနှင့် ဘောပင်(၂)ချောင်းတို့ကို ပံ့ပိုးထောက်ပံ့ ပေးအပ်ခဲ့သည်။

မိုင်းကိုင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၃) ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၇)ကျောင်း၊ မူလတန်းလွန် ကျောင်း(၁၅)ကျောင်း၊ မူလတန်းကျောင်း(၅၂)ကျောင်း၊ မူလတန်းကျောင်းခွဲ(၄၀)ကျောင်း စုစုပေါင်း (၁၂၀)ကျောင်းရှိပြီး အထက်တန်းအဆင့် (၁၀၁)ဦး၊ အလယ်တန်းအဆင့်(၅၅၁)ဦး၊ မူလတန်းအဆင့် (၂၇၅၄)ဦး တက်ရောက်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)